Wednesday, December 12, 2007

အကောင်းမြင်အတွေးများ အမြဲတမ်းရှိပါစေ

-သင့်ဘ၀ရဲ့နေ့စဉ်တိုင်းမှာ မနက်ဖြန်ရဲ့ မျှော်လင့်ချက်သစ်တွေ ဆောင်ကြဉ်းလာပါစေ၊

-ဘာကြောင့်လဲဆိုတော့ မျှော်လင့်ချက်က ကျွန်ပ်တို့အားလုံး ကြိုးစားနေဖို့ အတွက် အကြောင်းပြချက်ပေးနေလို့ပါ၊

-ရိုးစင်းတဲ့အရာလေးတွေထဲမှာ ငြိမ်ချမ်းခြင်းကို ရှာဖွေတွေ့ရှိပါစေ၊

-ဘာကြောင့်လဲဆိုတော့ အဲဒီအရာလေးတွေသာ အမြဲရှိနေကြမှာမို့ပါ၊

-သည်းခံခြင်းရဲ့ အရေးပါမှုကို နားလည်ပြီး လူတွေအားလုံးကိုလည်း အရှိအတိုင်း လက်ခံနိုင်ပါစေ၊

-နားလည်ခြင်းနဲ့ မေတ္တာထားခြင်းကို အခြေခံရင်လူတိုင်းရဲ့နှလုံးသားမှာ ကောင်းကွက်ကလေးတွေ တွေ့ရှိနိုင်လို့ပါ။

့်

အကောင်းဆုံးကတော့ .......ပျော်ရွင်ပါ

ကမ္ဘာကြီးထဲမှာ ကောင်းတာတွေကိုသာကြည့်ပါ
ကံနည်းရှာသူများကိုကူညီရာမှာသင့်တာဝန်ကျေပွန်ပါ
အရည်အချင်းနိမ့်ကျသူများနဲ့လက်တွဲပြီး
ဥာဏ်ပညာကြီးမားတဲ့သူများရဲ့နောက်ကလိုက်ပါ၊
မတူခြားနားတဲ့သူများနဲ့တန်းတူရည်တူကျင့်သုံးပါ
ရွေးချယ်စရာတွေ ပြည့်နေတဲ့ကမ္ဘာကြီးထဲမှာ
သင်အထူးစိတ်ဝငိစားစရာ ရည်မှန်းချက်ကိုရှာပါ
ပြီးတော့လမ်းလွဲရောက်နေသူများကို ကူညီလမ်းပြပေးပါ တူညီနေကြတဲ့သူတွေနဲ့ခြားနားကွဲပြားတဲ့သင်ကိုယ်ပိုင်သင်ဖြစ်ပါစေ
လိုအပ်တဲ့အခါမှာ ဟင့်အင်းလို့ငြင်းဆိုဖို့
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ
ပြီးတော့တယောက်တည်းရပ်တည်ဖို့ခွန်အားလည်းရှိပါစေ
သင်ဖြစ်နေတဲ့အရာအားလုံး
သင်ဖြစ်လာမဲ့အရာအားလုံး
ချစ်တတ်ရိုသေတတ်အောင် သင့်ကိုသင်အားပေးပါ
ဘ၀ရဲ့အဆင်းလမ်းမှာ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်းပါ
အောင်မြင်မှုများမှာ နှိမ့်ချပြီး
တပါးသူရဲ့ ပျော်စရာ၊ချီးကျုးစရာများမှာ မျှဝေပါ
အရေးကြီးဆုံးကပျော်ရွှင်ပါ
ဘာကြောင့်လဲဆိုတော့ သင်ပျော်ရွှင်နေချိန်မှာ ကမ္ဘာကြီးရဲ့ တံခါးအားလုံးက ဖွင့်နိုင်တဲ့သော့ကို
သင်ပိုင်ဆိုင်ထားတယ်လေ။
Jackie Olson

ဘ၀ကိုဘယ်တော့မှအရှုံးမပေးပါနဲ့

တခါတလေများမှာ ဘ၀ဟာမမျှမတဖြစ်နိုင်တယ်
အဲဒီအချိန်တွေဟာ ယုံကြည်မှုကိုထိမ်းသိမ်းပြီး အညံ့မခံရမဲ့ကာလဖြစ်တယ်
အထူးသဖြင့် အခက်ကြုံတဲ့ အချိန်တွေမှာ ဘ၀ရဲ့အားမာန်တွေကို အဆုံးစွန်ထိ ညှစ်ထုတ်ရယူနေထိုင်ရလိမ့်မယ်
အခုအချိန်ဟာ မျှော်လင့်ချက်နဲ့ သတ္တိသွေးနဲ့ အခြေအနေအားလုံးကို အနိုင်ယူရမဲ့ကာလဖြစ်တယ်
ဘ၀ဆိုတာအမြဲတမ်းချောမွေ့နေမှာမဟုတ်ဘူး ဒါပေမဲ့.........
စွမ်းအားရှိသမျှ စိတ်ရှည်ရှည်နဲ့ ရှေ့ဆက်သွားနေခဲ့ရင်
ရှေ့မှာကြုံရမဲ့ စိန်ခေါ်ချက်မှန်သမျှကို ရင်ဆိုင်ဖို့စွမ်းအားတွေရလာမှာဖြစ်တယ်
ရောက်ခဲ့တဲ့ပန်းတိုင်တိုင်းဟာ ရှေ့ဆက်ဖို့အရေးပါတဲ့ ခြေလှမ်းတခုပေပဲ
ရှေ့မှာထွန်းလင်းတဲ့ အံ့သြစရာနေ့ရက်တွေရှိတယ်လို့ယုံကြည်ထားရင်
အဲဒီနေ့ရက်တွေကိုတွေ့ရပါလိမ့်မယ်။
Mary A .Rothman